ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တင်သွင်းလာတဲ့ ဘိလပ်မြေ တန်ချိန် ၃၀၀၀၀ ရန်ကုန်မြို့၊ ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းကို ရောက်လာပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိ ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်လို့ နိုင်ငံတစ်ဝန်း ဆောက်လုပ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်လာချိန်မှာ ပြည်ပကနေ ဘိလပ်မြေတွေ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
ပြည်တွင်း ဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေဖို့နဲ့ ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်ပေးနိုင်ဖို့အတွက် ပြည်ပကနေ ဘိလပ်မြေတွေကို တင်သွင်းခွင့် ပြုနေတယ်လို့ ဆိုပါတယ်။
ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အခုချိန်မှာ လိုအပ်နေတဲ့ ဘိလပ်မြေကို တင်သွင်းခွင့် ပြုထားပြီး အခု ရေယာဉ်အပြင်ကျန် ဘိလပ်မြေတင်ဆောင်လာတဲ့ ရေယာဉ်တွေ အပတ်စဉ် ဆက်လက် ရောက်ရှိလာမယ်လို့ သိရပါတယ်။ Source: Popular