3.3.2025
Current Content Presents
ပြီးခဲ့တဲ့အပတ်က အိန္ဒိယမှာ ပဲခွဲစက်တွေ အဝယ်လျော့တာနဲ့ ခွဲခြမ်းပဲတွေကို ဝယ်အား နည်းတာတွေကြောင့် ပဲစင်းငုံတွေ ဈေးအေးခဲ့ပါတယ်။
ပဲစင်းငုံအစားထိုးသုံးတဲ့ ပဲဝါလေးနဲ့ ပဲရာဇာခွဲခြမ်းတွေကို ဈေးချိုချိုနဲ့ ရနေလို့ ပဲစင်းငုံဈေးကွက်ကို ဖိအား ဖြစ်စေပါတယ်။ ပဲစိုက်တောင်သူတွေလည်း ပဲစင်းငုံဈေး ဆက်အေးနေလို့ သူတို့ လှောင်ထားတာတွေကို ထုတ်မရောင်းသေးဘဲ အရောင်းထိန်းထားတယ်လို့ သိရပါတယ်။
ဒီအပတ်မှာလည်း အိန္ဒိယက ဈေးကွက်တွေကို ပဲအဝင် မှန်နေတာနဲ့ အဝယ်နည်းတာတွေကြောင့် ပဲစင်းငုံဈေး ဆက်အေးမယ်လို့ မှန်းပါတယ်။
(ဒါပေမဲ့ အိန္ဒိယတောင်သူတွေ အခုပေါက်ဈေးမှာ မရောင်းသေးဘဲ ပြန်လှောင်နေလို့ ဈေးကွက်ထဲ ပဲအဝင် နည်းပြီး ဒီအချက်က ပဲစင်းငုံဈေး ထပ်မကျအောင် ထိန်းထားနိုင်မယ်လို့လည်း သုံးသပ်ထားပါတယ်)
မြန်မာပြည်တွင်းမှာတော့ ပဲစင်းငုံနယ်ဈေးက ကျပ် ၉၆၀၀၀ အထိ တက်ပြီးမှ အခု ၉၄၀၀၀/၉၅၀၀၀ ဝန်းကျင်မှာ လည်ပတ်နေပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်က ပြည်ပပို့ကုန် ပဲစင်းငုံနီ RC တစ်တန်ဈေးကလည်း အမြင့်ဆုံး ကျပ် ၃၀၈၅,၀၀၀ အထိ တက်ပြီးမှ သိန်း ၃၀ အတိကို ပြန်ကျလာပြီး အခု ၃၀၂၅,၀၀၀ ဈေးမှာ ရှိနေပါတယ်။ (ဒီသတင်းကို Current Content က တင်ပြပါတယ်။ ပြန်ကူးခွင့် မပြုပါ။)