ပြည်တွင်းမှာ ပိုလျှံနေလို့ အိန္ဒိယက နှစ်နဲ့ချီ ပိတ်ထားတဲ့ ဆန်ကွဲကို ပြန်တင်ပို့ခွင့်ပြု

 


8.3.2025
Current Content Presents

အိန္ဒိယပြည်တွင်းမှာ ဆန်ကွဲသိုလှောင်ပမာဏက အစိုးရလျာထားချက်ထက် ကိုးဆနီးပါး များလာတာကြောင့် နှစ်အတော်ကြာ ပိတ်ပင်ထားတဲ့ ဆန်ကွဲတင်ပို့ခွင့်ကို မနေ့က ပြန်ခွင့်ပြုလိုက်ပါတယ်။

အခုလို အိန္ဒိယက ဆန်ကွဲတင်ပို့ခွင့် ပြန်ပေးလိုက်တာကြောင့် နွမ်းပါးတဲ့ အာဖရိကနိုင်ငံတွေအနေနဲ့ ဆန်ကွဲကို ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်မှာဖြစ်သလို အာရှဒေသ တိရိစ္ဆာန်အစာလုပ်ငန်းကိုလည်း အထောက်အကူ ပြုရာ ရောက်ပါလိမ့်မယ်။

အိန္ဒိယအစိုးရဟာ ဆန်ကွဲတင်ပို့မှုကို ၂၀၂၂ ၊ စက်တင်ဘာက စတင် ပိတ်ပင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း ၂၀၂၃ မှာ ဆန်အမျိုးအစားအားလုံး ပြည်ပတင်ပို့မှုကို ဆက်လက် ပိတ်ပင်ခဲ့ပါတယ်။ အိန္ဒိယမှာ မိုးနည်းပြီး ဆန်စပါး အထွက်နည်းမှာကို စိုးရိမ်ခဲ့လို့ ပြည်ပတင်ပို့မှုကို တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်း အိန္ဒိယမှာ ဆန်စပါး အထွက်တိုးလာတာကြောင့် ပြည်ပတင်ပို့ခွင့် ကန့်သတ်ခဲ့တဲ့ ဆန်တွေကို တဖြည်းဖြည်း ပြန်ဖြေလျှော့ပေးလာပြီး အခုတခါ ဆန်ကွဲတင်ပို့ခွင့်ကိုပါ ပြန်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ Ref: BS (Current Content က ဘာသာပြန်တင်ပြပါတယ်)