11.3.2025
Current Content Presents
အခု မတ်လ ၃၁ မှာ ကုန်ဆုံးတော့မယ့် မတ်ပဲ အခွန်လွတ် တင်သွင်းခွင့်ကို အိန္ဒိယအစိုးရက ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ အထိ နောက်တစ်နှစ် သက်တမ်း ထပ်တိုးကြောင်း မနေ့ညပိုင်းက ကြေညာပါတယ်။
ပြည်တွင်းပဲဈေး တည်ငြိမ်ရေးကို ရည်ရွယ်ပြီးတော့ မတ်ပဲ အခွန်လွတ်တင်သွင်းခွင့်ကို သက်တမ်း တိုးပေးတာ ဖြစ်တယ်လို့ အစိုးရ ကြေညာချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယကို မတ်ပဲ အများဆုံး တင်ပို့ရောင်းချပေးနေတဲ့နိုင်ငံ ဖြစ်ပြီး လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီကနေ နိုဝင်ဘာအထိ တင်သွင်းသမျှ ပဲမျိုးစုံတန်ဖိုး ကန်ဒေါ်လာ ၆၀၁ သန်းကျော်မှာ ၅၄၉ သန်းက မြန်မာနိုင်ငံဆီက တင်သွင်းတဲ့တန်ဖိုး ဖြစ်ပါတယ်။
အိန္ဒိယအစိုးရဟာ မတ်ပဲ၊ ပဲစင်းငုံ အခွန်လွတ် တင်သွင်းခွင့်ကို နှစ်စဉ် သက်တမ်းတိုးပေးပြီး ဒီနှစ်မှာတော့ ပဲစင်းငုံကို အရင် သက်တမ်းတိုးပေးပြီး အတော်ကြာမှ မတ်ပဲကို သက်တမ်း တိုးပေးလိုက်တာ ဖြစ်ပါတယ်။
အရင်လတွေက အိန္ဒိယရဲ့မတ်ပဲတင်သွင်းခွင့်ကိစ္စ မရေမရာ ဖြစ်နေတာတွေကြောင့် အိန္ဒိယဈေးကွက်မှာရော မြန်မာဈေးကွက်မှာပါ ဆုံးဖြတ်ရခက်တဲ့အခြေအနေတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က အိန္ဒိယရဲ့ မတ်ပဲသတင်းကြေညာချက် ထွက်ပေါ်လာတဲ့နောက် မြန်မာပြည်တွင်းမှာ ဝေ့လည်နေတဲ့ မတ်ပဲဈေးက ပြန်တက်ရိပ်ပြလာပြီး Raw ဈေး ကျပ် ၃ သိန်းအပေါ် ပြန်ရောက်လာတာ တွေ့ရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ သိရသမျှရယ်၊ နောက်ထပ် တွေ့ရတဲ့အချက်အလက်တွေရယ်ကို ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့ Current Content နဲ့ Maket Beat က အသေးစိတ် ဆက်လက် တင်ပြပေးပါဦးမယ်။ (သတင်းကို ပြန်ကူးတင်ခွင့် မပြုပါ)