8.3.2025
Current Content Presents
ဒီအပတ် အာရှဆန်ဈေးကွက်မှာ အိန္ဒိယဆန်ဈေးက ၂၀၂၃ ၊ ဇွန်လနောက်ပိုင်း အနိမ့်ဆုံးကို ရောက်နေပြီး ဗီယက်နမ်နဲ့ ထိုင်းဆန်ဈေးတွေလည်း အေးနေတယ်လို့ သိရပါတယ်။
အိန္ဒိယက ၅ မှတ်ပေါင်းဆန်ဈေးက တစ်တန်ကို ၄၀၉ - ၄၁၅ ဒေါ်လာဝန်းကျင် ရှိနေပြီး အရင်အပတ်ဈေး ၄၁၃ - ၄၂၀ ဒေါ်လာနဲ့ ယှဉ်ရင် ကျသွားပါတယ်။ ရိုးရိုး ၅ မှတ်ဆန်ဈေးကလည်း ၃၉၀ - ၄၀၀ ဒေါ်လာခန့်ပဲ ရှိနေပါတယ်။
ထိပ်တန်းဆန်တင်ပို့သူတစ်ဦးဖြစ်တဲ့ ဗီယက်နမ်က ကမ္ဘာ့ဆန်ဈေးကွက်မှာ အသည်းအသန် ရောင်းထုတ်နေလို့ တခြားပို့ကုန်ဆန်ဈေးတွေပါ ကျလာတယ်လု့ိ ဒေလီက ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
ဗီယက်နမ်က ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန် ၁ သန်း တင်ပို့မယ့်အရောင်းအဝယ်စာချုပ် လုပ်နေပြီး ဒါဟာ ဈေးကွက်အသစ် ဖော်ဆောင်မှုတစ်ခု ဖြစ်တယ်လို့ ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးက ဆိုပါတယ်။
ဒီအပတ် ဗီယက်နမ် ၅ မှတ်ဆန်ဈေးက တစ်တန်ကို ၃၈၉ ဒေါ်လာ ရှိနေပြီး အရင်အပတ်ဈေး ၃၉၃ ဒေါ်လာနဲ့ ယှဉ်ရင် နိမ့်နေပါတယ်။
ဒီအတောအတွင်း ထိုင်းနိုင်ငံမှာ ဆန်ဝယ်လိုအားက ငြိမ်နေပေမဲ့ ဒေါ်လာနဲ့ ဘတ်ငွေ လဲလှယ်နှုန်းက မငြိမ်မသက် ဖြစ်နေတာကြောင့် ထိုင်းဆန်ဈေးလည်း လှုပ်နေတယ်လို့ ဆိုပါတယ်။
ထိုင်း ၅ မှတ် ဆန်ဈေးက တစ်တန်ကို ၄၁၅ - ၄၂၀ ဒေါ်လာ ရှိရာကနေ ဒီအပတ်မှာ ၄၁၅ ဒေါ်လာနဲ့ ဈေးဖွင့်ထားပြီး လောလောဆယ် အဝယ်အော်ဒါ ကြီးကြီးမားမား မရှိသေးလို့ ဆန်ဈေးတွေ ငြိမ်နေဦးမယ်လို့ ဆိုပါတယ်။