4.3.2025
Current Content Presents
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေအပေါ် အခွန် ၂၅ % အထိ ကောက်ခံမယ့် ဆုံးဖြတ်ချက်ကြောင့် မနေ့က ဝေါစထရိရှယ်ယာတွေ ဈေးကျခဲ့သလို ဒီမနက် အာရှစတော့ရှယ်ယာတွေလည်း ဈေးကျဆင်းသွားပါတယ်။
အခွန် ၂၅ % အထိ ကောက်ခံမယ့်ကိစ္စက ဒီနေ့ နှောင်းပိုင်းမှာ စတင် အသက်ဝင်မှာဖြစ်ပြီး တရုတ်ကိုလည်း အခွန် ထပ်တိုးကောက်မယ်လို့ ဒေါ်နယ်ထရမ့်က မနေ့က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ထရမ့်က အခုလို အခွန်အကောက်တွေ တိုးမြှင့်သတ်မှတ်လာတာကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ တင်းမာမှုတွေ အရှိန်အဟုန် ကြီးမားလာဖွယ် ရှိပါတယ်။ တရုတ်ဘက်ကလည်း ထရမ့်ရဲ့အခွန်စည်းကြပ်မှုကို လက်တုံ့ပြန်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အခွန်အကောက် တင်းကျပ်မယ့်သတင်းကြောင့် ဒီနေ့ အာရှငွေကြေးအများစု ငြိမ်သက်အေးစက်သွားပါတယ်။ ကနေဒါဒေါ်လာနဲ့ မက္ကဆီကိုပီဆိုတွေကတော့ တစ်လတာအနိမ့်ဆုံးကို ကျသွားပြီး အမေရိကန်ဒေါ်လာက ငြိမ်နေပါတယ်။ Current Content ရဲ့ဘာသာပြန်သတင်း ဖြစ်ပါတယ်။