8.3.2025
Current Content Presents
အိန္ဒိယအစိုးရက ပဲဝါလေး အခွန်လွတ်တင်သွင်းခွင့်ကို သက်တမ်း ထပ် မတိုးပေးတော့ပေမဲ့ ဖေဖော်ဝါရီ ၂၈ မတိုင်ခင် သင်္ဘောတင်ထားတာတွေကိုတော့ မေလကုန်အထိ အခွန်လွတ် တင်သွင်းခွင့်ပေးမယ်လို့ မနေ့က ကြေညာပါတယ်။
ပဲဝါလေးအခွန်လွတ် တင်သွင်းခွင့်ဟာ ဖေဖော်ဝါရီ ၂၈ တည်းက သက်တမ်းကုန်ခဲ့ပြီး အိန္ဒိယအစိုးရကနေ တစ်စုံတစ်ရာ မကြေညာတော့တဲ့အတွက် အရင်လို အခွန် ပြန်ကောက်မယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။
အခု ကြေညာချက်အရဆိုရင် ပဲဝါလေး တင်သွင်းရင် အခွန်ဆောင်ရမှာ ဖြစ်ပေမဲ့ ဖေဖော်ဝါရီ ၂၈ ရက်မတိုင်မီ သင်္ဘောတင်ခဲ့တာတွေကို အခွန်လွတ် ဆက်ခွင့်ပြုပေးမှာမို့လို့ ပဲဝါလေးတွေက မေလကုန်အထိ ပေါပေါများများ ဝင်လာဖွယ် ရှိပါတယ်။
ပဲစင်းငုံကို အစားထိုးနိုင်တဲ့ ပဲဝါလေးကို အခုလို နောက် နှစ်လလောက်ထိ အခွန်လွတ် တင်သွင်းခွင့်ပေးသလို ဖြစ်နေတာကြောင့် ပဲစင်းငုံဈေးကွက်ကို တက်မလာအောင် ဒီအချက်က ဖိအား ဆက်ပေးနိုင်ပါတယ်။ ဒီသတင်းအချက်အလက်ကို Current Content က ဘာသာပြန်၊ သုံးသပ်တင်ပြပါတယ်။ ပြန်ကူးချခွင့် မပြုပါ။