ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိန္ဒိယ၊ မတ်ပဲဈေးကွက်နဲ့ ပတ်သက်လို့ ကြားသိတွေ့မြင်ရသလောက် သတင်းတွေကို စုစည်းပေးလိုက်ပါတယ်။ လက်ရှိ ပြည်တွင်းပဲဈေးကွက်နဲ့ နှိုှုင်းယှဉ်သုံးသပ်နိုင်ဖို့ တင်ပြပေးတာ ဖြစ်ပါတယ်။
အိန္ဒိယမှာ အရင်အပတ်က မတ်ပဲဈေးနှုန်းက ဒေသအလိုက် အတက်အကျ မတူဘဲ ဖြစ်နေခဲ့ပါတယ်။ မတ်ပဲကို ပဲခွဲစက်တွေ အဝယ် ရှိလို့ ဈေးလေး ငြိမ်နေပေမဲ့ တဖက်မှာ ရောင်းအားကလည်း များနေတာကြောင့် ဈေးနှုန်း သိပ်မတက်ဘဲ ဖြစ်နေပါတယ်။
အရင်အပတ်တွေက မြန်မာမတ်ပဲတင်သွင်းမှု ပုံမှန်လေး တိုးတက်လာတာကြောင့် အိန္ဒိယဈေးကွက်မှာ မတ်ပဲ ရောင်းအား များပြားမှု ဖြစ်နေပါတယ်။ တလောတုန်းက ရူပီးတန်ဖိုး ထိုးကျခဲ့လို့ မတ်ပဲဈေးကွက် ခဏတာလေး တက်ရိပ် ဖြစ်ခဲ့ပေမဲ့ အခုတော့ ရူပီးတန်ဖိုးက ပြန်တည်ငြိမ်မှု ရနေပါတယ်။
ရေတိုကို ကြည့်ရင် အိန္ဒိယမှာ ရာသီအလိုက်ဝယ်လိုအားလေး ရှိနေပေမဲ့ အရောင်းဘက်က ဖိအားတွေကလည်း ဆက်ရှိနေတာကြောင့် ဈေးအတက်အကျလေး လှုပ်ခတ်မှု ဆက်ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မတ်ပဲဈေးနှုန်းက ရေတိုမှာ ယာယီ မြင့်တက်လာဖို့ မျှော်လင့်ရပေမဲ့ အများကြီး ခုန်တက်တာမျိုးတော့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ရပါတယ်။ မြန်မာဘက်မှာလည်း မတ်ပဲ Raw ဈေးက ကျပ် ၂၉၀၀၀၀ အောက်ကို ပြန်ဆင်းနေပြီး ၂၉၀၀၀၀ ဈေးတန်းအပေါ် ကြာကြာ ရပ်နိုင်ဖို့ အားယူရပါဦးမယ်။
Current Content က သုံးသပ်တင်ပြပါတယ်။ ပြန်ကူးတင်ခွင့် မပြုပါ။ လွတ်လပ်စွာ Share နိုင်ပါတယ်။