21.2.2025
Current Content Presents
အရင်ရက်တွေက ရူပီးတန်ဖိုး ထိုးကျနေတာနဲ့ ရာသီချိန်အလိုက် ဝယ်လိုအား များလာတာတွေကြောင့် ဈေး တက်ရိပ် ဖြစ်ခဲ့တဲ့ အိန္ဒိယက မတ်ပဲဈေးနှုန်းတွေက ဒီနေ့မှာတော့ အတက်အကျလေးတွေ ဖြစ်လာတယ်လို့ သတင်း ရရှိပါတယ်။
အိန္ဒိယက ဈေးကွက်တွေကို မတ်ပဲအဝင် ပြန်များလာပြီး ပြည်ပကနေလည်း ပုံမှန် တင်သွင်းနေတာကြောင့် ဒီရက်ပိုင်းမှာ မတ်ပဲဈေးက အတက်ချည်း မဟုတ်တော့ဘဲ တက်လိုက်ကျလိုက်လေးတွေ ရှိလာပါတယ်။
ဒါပေမဲ့ မတ်ပဲဈေးအကျမှာ ဝင်ဝယ်တတ်တဲ့ ဝယ်လက်တွေနဲ့ မတ်လထဲမှာ ရာသီအလိုက် ဝယ်လိုအားတွေ များလာနိုင်တဲ့အချက်ကြောင့် မတ်ပဲဈေးက လတ်တလောမှာ အကျဘက် သိပ်မဆင်းနိုင်သေးဘဲ အငြိမ်နဲ့ အတက်ပဲ သွားနေဦးမယ်လို့ ဆိုပါတယ်။
အခုလောလောဆယ်မှာတော့ ပြည်တွင်းမတ်ပဲ Raw ဈေးက ကျပ် ၂၉၀၀၀၀ အပေါ်မှာပဲ တည်ရှိနေပြီး ရန်ကုန်၊ဘုရင့်နောင်ကုန်စည်ဒိုင်က ပြည်ပပို့ မတ်ပဲ FAQ တစ်တန်ဈေးကလည်း တောက်လျှောက် တက်နေတာကြောင့် မကြာခင် မတ်ပဲ တစ်တန် ကျပ် သိန်း ၃၀ ဈေးတန်း ပြန်ဖြစ်လာမလား မျှော်လင့်ရပါတယ်။
(ဒါပေမဲ့လည်း တက်ဈေး ဖြစ်တာနဲ့ ရောင်းထုတ်တာတွေ၊ ဈေးပြန်ဆွဲချတာတွေ ရှိနေကျမို့လို့ အခု မတ်ပဲဈေး တက်တာက တာရှည်ခံနိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ရှိနေပါတယ် ရောင်းတာ၊ ဝယ်တာ၊ လှောင်တာ မိမိတို့ဆန္ဒနဲ့ လုပ်ပါ။ Current Content က သတင်းအချက်အလက် တင်ပြရုံသာ လုပ်ပါတယ်)