ဗဟိုဘဏ်က နှစ်လနီးပါးအတွင်း ဒေါ်လာ သန်းရာချီ ရောင်းချ၊ ပြင်ပဒေါ်လာဈေး အေးနေ

 


23.2.2025
Current Content Presents

 ဗဟိုဘဏ်က သွင်းကုန်သမားတွေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေ အပါအဝင် နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို အခု နှစ်စ ပထမနှစ်လနီးပါးအတွင်း အမေရိကန်ဒေါ်လာ သန်းရာချီ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

နှစ်အစ ဇန်နဝါရီလမှာ ဗဟိုဘဏ်က ကန်ဒေါ်လာ စုစုပေါင်း ၁၇၃ သန်းကျော်နဲ့ အခုဖေဖော်ဝါရီလထဲမှာလည်း ဒေါ်လာ ၁၀၉ သန်းကျော် ရောင်းချပေးထားပြီး ထိုင်းဘတ်နဲ့ တရုတ်ယွမ်တွေကိုလည်း သန်းနဲ့ချီ အလုံးအရင်း ရောင်းချပေးနေပါတယ်။

အခုလို နိုင်ငံခြားငွေတွေ ရောင်းချနေတဲ့အတွက် ပြည်တွင်း ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ တခြားနိုင်ငံခြားငွေကြေးတွေ အတက်အကျ မရှိသလောက် ငြိမ်နေပြီး ဒေါ်လာဆိုရင် ကျပ် ၄၄၂၀ - ၄၄၈၀ ပတ်လည်မှာ အတော်ကြာ အေးနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကမ္ဘောဇဘဏ်ရဲ့ Kpay ပြဿနာနဲ့ နှစ်သောင်းတန်ငွေစက္ကူသစ်တွေ ပေါပေါများများ ထွက်လာမယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ဒေါ်လာဈေးက ကျပ် ၄၈၀၀ လောက်အထိ တက်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ကျခဲ့ပါတယ်။ Current Content က စုစည်းတင်ပြပါတယ်။