ဗဟိုဘဏ်က ဒေါ်လာ ၂၃ သန်း၊ ဘတ် ၁၅၁ သန်းကျော်နဲ့ ယွမ်သိန်းချီ ထပ်မံ ရောင်းချ

 


ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်တွေအတွက် မနေ့က အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့ ထိုင်းဘတ် ၁၅၁ သန်းကျော်၊ တရုတ်ယွမ် ၃၄၅၀၀၀ ကျော်ကို ထပ်မံ ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အခု ရောင်းပေးတဲ့ ဒေါ်လာ ၂၃ သန်းနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို သီးသန့် ရောင်းချပေးတာ အပါအဝင် ဒီလ ၃ ရက်ကနေ ၂၆ ရက်အထိ ဒေါ်လာ ၁၅၅ သန်းကျော် ထုတ်ရောင်းပေးထားပြီး ထိုင်းဘတ် စုစုပေါင်း သန်း ၃၁၀ နဲ့ တရုတ်ယွမ် ၇ သန်းကျော်ကိုလည်း ရောင်းချပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ဗဟိုဘဏ်က စုစုပေါင်းဒေါ်လာ ၁၇၃ သန်းကျော်၊ ထိုင်းဘတ် ၁၄ သန်းနီးပါးနဲ့ တရုတ်ယွမ် ၁၅ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပါတယ်။

အဲဒီလို နိုင်ငံခြားငွေတွေ ဆက်တိုက် ရောင်းချပေးနေတာကြောင့် အရင်လက တစ်ဒေါ်လာကို ၄၈၀၀ ကျပ် အထိ တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ ဒီလထဲမှာ ကျပ် ၄၄၀၀ ကျော်အထိ ပြန်ကျလာပြီး တခြား နိုင်ငံခြားငွေဈေးတွေလည်း အေးနေတာ တွေ့ရပါတယ်။