18.2.2025
Market Beat & Current Content Presents
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်က ပြည်ပပို့ကုန် ပဲစင်းငုံနီဈေးနှုန်းဟာ ဒီလဆန်းပိုင်းတုန်းက တစ်တန်ကို ကျပ် ၂၈ သိန်းခွဲအထိ ကျဆင်းခဲ့ပေမဲ့ အခု ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာတော့ တစ်တန် ကျပ် သိန်း ၃၀ အထက်ကို ပြန်တက်လာနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလနှောင်းပိုင်းက ပဲစင်းငုံနီ တစ်တန်ဈေးဟာ ကျပ် ၃၀၃၀,၀၀၀ ရှိခဲ့ရာက အဲဒီနောက်ပိုင်း ကျပ် ၂၉ သိန်းအောက်ထိ ဆင်းလားပြီး ဖေဖော်ဝါရီလဆန်းမှာ ကျပ် ၂၈ သိန်းခွဲအထိ ကျဆင်းခဲ့ပေမဲ့ တစ်လအတွင်း ကျပ် သိန်း ၃၀ ဈေးတန်းကို ပြန်တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယမှာလည်း ဈေးကွက်ထဲကို ပဲစင်းငုံအဝင် နည်းနေတာ၊ ပဲခွဲစက်တွေက အဝယ်များသလောက် သူတို့ဆီက ပဲအရောင်း ကျဲနေတာတွေကြောင့် ဈေးမြင့်လာတယ်လို့ သိရပါတယ်။
အခုလို ဈေးပြန်မတက်ခင်တုန်းက အိန္ဒိယမှာ တောင်သူတွေဆီက ပဲစင်းငုံတွေကို အစိုးရက ဝယ်ယူပေးနေတာ၊ ပဲခွဲစက်တွေ အဝယ်သွက်နေတာနဲ့ လိုသလောက်မရတာတွေကြောင့် ဈေးတက်နိုင်တယ်လို့ ကျွန်တော်တို့ Market Beat နဲ့ Current Content သတင်းပေ့ဂျ်တွေကနေ တင်ပြခဲ့ပါတယ်။လက်ရှိအခြေအနေအရ ပြည်တွင်းပဲစင်းငုံဈေးဟာ မတ်ပဲဈေးထက် ကျော်လွန်သွားတာ တွေ့ရပြီး မတ်ပဲ Raw ဈေးကတော့ ကျပ် ၂၉၀၀၀၀ ပတ်လည်မှာပဲ တက်လိုက်ကျလိုက် ဖြစ်နေပါတယ်။ မတ်ပဲနဲ့ ပတ်သက်လို့ သီးခြားသတင်းတစ်ခု တင်ပေးပါမယ်။
(အသိပေးချက် - ကျွန်တော်တို့ရဲ့ Market Beat ပေ့ဂျ်ကို ဈေးနှုန်းနဲ့သတင်းတို သီးသန့်ပဲ တင်ပြတော့မှာဖြစ်ပြီး သတင်းအရှည်နဲ့ ဆောင်းပါးတွေကိုတော့ ပြန်လည်စတင်နေပြီ ဖြစ်တဲ့ CC Media (Current Content Page) ကနေ တင်ပြပေးသွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်)